Standford Report, June 14, 2005
This is a prepared text of
the Commencement Address delivered by Steve Jobs, CEO of Apple
Computer and of Pixar Animation Studios, on June 12, 2005.
Translated by Mejonu
ဒီနေ့ခင်ဗျားတို့နဲ့
ဒီလိုကမ္ဘာပေါ်မှာအကောင်းဆုံး University ဘွဲ့ပေးပွဲမှာ
ဒီလိုတွေ့ဆုံခွင့်ရတဲ့အတွက် အရမ်းပဲဂုဏ်ယူပါတယ်။ ကျွှန်တော်ကတော့ College
ပြီးပြီး ဘွဲ့မရခဲ့ဖူးပါဘူး။ အမှန်ပြောမယ်ဆိုရင်
ကောလိပ်တော့တက်ဖူးပေမယ့် ဘွဲ့ မရခဲ့တာပါ။ ဒီနေ့ကျွှန်တော့်အကြောင်းသုံးပို င်းပိုင်းပြီးပြောချင်ပါတယ်။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး ပုံပြင်သုံးခုပါ။
ပထမဦးစွာ အစက်ကလေးတွေဆက်စပ်ပုံ
ကျွှန်တော် Reed College ကနေ ၆ လတက်ပြီးနောက်မှာ ကျောင်းထွက်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၁၈လကိုအဲဒီကျောင်းမှာပဲနေပါသေး တယ်။ ဘာ့ကြောင်းကျောင်းထွက်တယ်ဆိုတာ တော့ ကျွှန်တော်မမွေးခင်ကတည်းကဒီပြဿနာ ရှိခဲ့တာပါ။ ကျွှန်တော့်အမေကတော့ အသက်ငယ်ပြီး လက်မထပ်တဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။ သူကကျွှန်တော့်ကိုမွေးစားကျောင်း မှာထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကျွှန်တော့်အမေကကျွှန်တော့်ကို ဘဝဆင့်တန်းမြင့်တဲ့ ဥပဒေရှင်ရှေ့နေမိသားစုကမွေးစား သင့်တယ်ဆိုပြီး ဆန္ဒပြင်းပြခဲ့ပါတယ်။ ကျွှန်တော်တကယ်မွေးလာတဲ့အချိန်ေ နာက်ဆုံးမိနစ်မှာကျတော့ သူတို့ကမိန်းကလေးလိုချင်ခဲ့ပါ တယ်။
ကျွှန်တော့မိဘတွေကို "ကျွှန်တော်တို့မထင်မှတ်ပဲ သားယောက်ျားလေးကို
မွေးလာပါတယ် သူ့ကိုလိုချင်သလား" လို့မေးလာတဲ့အခါကျတော့ သူတို့
"လိုချင်တာပေါ " လို့ဖြေပါတယ်။ နောက်ပိုင်းမှာကျွှန်တော့်အေ မအရင်းက ကျွှန်တော့်ကိုမွေးစားမယ့် မိဘနှစ်ပါးဟာ ဘွဲ့မရခဲ့မှန်းသိလာတော့ ဥပဒေနဲ့ကိုက်ညီတဲ့ မွေးစားစာရွက်အပေါ်လက်မှတ်ထိုးဖို့ညင်းဆိုခဲ့ပါတယ်။ နောက်လအနည်းငယ်ကြာမှ ကျွှန်တော့်ကိုမွေးစားမယ့် မိဘနှစ်ပါးကကျွှန်တော့်ကိုတစ်နေ့ တော့ ကောလိပ်တက်ခိုင်းမယ်လို့ကတိပေးေ တာ့ အမေကကျွှန်တော့်ကိုသူတို့မွေးစား ဖို့
သဘောတူလာပါတယ်။
နောက် ၁၇နှစ်ကြာမှာ ကျွှန်တော်ကောလိပ်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွှန်တော် ဘုမသိဘမသိပဲ Stanford college လို ဈေးကြီးတဲ့ ကောလိပ်တစ်ခုကို ရွေးမိပါတယ်။ အဲဒီမှာ ကျွှန်တော့်မိဘစုထားတဲ့ငွေတွေအား လုံးဟာ
ကျိုရှင် ( Tuition) ခနဲ့ ပဲကုန်သွားပါတယ်။ ကျွှန်တော်ကဒီကောလိပ်တက်ရတဲ့
အကျိုး၊ ဒီကောလိပ်ကကျွှန်တော်ကို ဘာကောင်းကျိုးပေးပြီး ဘာတိုးတက်မှုမှ
မရတာကိုမြင်တော့၊ ပြီးရင် ကျွှန်တော်မိဘတွေရဲ့ တစ်သက်လုံးစုထားတာ အကုန်လုံး
ဒီမှာပဲ ဖြိုးတီးရတဲ့အတွက် နောက်ခြောက်လကြာတော့ ကျောင်းထွက်ဖို့
ဆုံးဖြတ်ပါတယ်။ ဒီဟာကျွှန်တော့်အတွက်ရော်၊ မိဘနှစ်ပါးအတွက်ပါ
ပိုကောင်းမယ်လို့ ကျွှန်တော်ယုံကြည်ခဲ့ပါတယ်။ အစပိုင်းတုန်းကတော့ အရမ်းပဲ
စိတ်ဓာတ်ကျခဲ့ပါတယ်။ ဒါပေမယ့် နောက်ပြန်ကြည့်တော့ ဒီဟာကကျွှန်တော့်ဘဝမှာ
အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါတယ်။ ကျွှန်တော်ကျောင်းထွက်ခါစတုန်းက
စိတ်မဝင်စားတဲ့ဘာသာတွေထားခဲ့ပြီး စိတ်ဝင်စားတဲ့ ဘာသာတွေသာလိုက်ပါတယ်။
ဒါဟာစိတ်ကူးရင်တော့ မဆန်ခဲ့ပါဘူး။ ကျွှန်တော့်မှာ အခန်း ( Dormitory)
မရှိလို့ သူငယ်ချင်းတွေရဲ့အခန်း ကြမ်းပြင်ပေါ်မှာပဲ အိပ်လေ့ရှိပါတယ်။
ကျွှန်တော်က Coke Bottles တွေကို ငါးပြားရဖို့အတွက် စုပါတယ်။ ပြီးရင်
ကျွှန်တော့်နေရာကနေ ခုနစ် (၇) မိုင်ဝေးတဲ့ The Hare Krishna
ဘုရားကျောင်းမှာ ညစာတစ်ခါစားဖို့အတွက် Sunday ညတိုင်း
လမ်းလျှောက်သွားပါတယ်။ ဒါကိုကျွှန်တော်ပျော်ပါတယ်။ ဒီလိုမျိုးမှာ
ပျော်ရွင်ရတာမျိုးနဲ့ အတွေ့အကြုံတွေက တန်ဖိုးမရှိပဲ ဖြစ်လာပါတယ်။
ဥပမာတစ်ခုကိုပေးပါမယ်။ အဲဒီတုန်းက Reed College ဟာ တစ်နိုင်ငံအတွက်
Calligraphy Instruction စာလုံးနဲ့ပုံဆွဲခြင်းမှာ အကောင်းဆုံး တစ်ခုပါ။
ခြံထဲက ပို့စ်တာ (Poster)တွေ၊ Drawer တွေက label တွေဟာ အရမ်းပဲလှပါတယ်။
ကျွှန်တော်ကျောင်းထွက်တဲ့အတွက် ပုံမှန်အခန်း ဘာသာတွေယူစရာမလိုတော့ ဒီ
calligraphy ဘာသာရပ်ကိုယူဖို့ဆုံးဖြတ်ပါတယ်။ အဲဒီမှာ Serif and San Serif
typefaces, မတူညီတဲ့ စာလုံးနှစ်ခုပေါင်းစပ်ရင်ခြား နားပုံ၊
စာရွက်ပေါ်မှာ စာသားတွေ ဘယ်လိုပေါ်မယ်ဆိုတာကအစ သင်ယူခဲ့ပါတယ်။ ဒါဟာ
အရမ်းလဲလှပြီး၊ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဒါတွေကို ကျွှန်တော်
သင်ယူလေ့လာမယ် ဘဝအတွက်အသုံးပြုမယ်လို့လည်း မမျော်လင့်လဲ့ဖူးပါဘူး။
ဒါပေမယ့် ပထမဦးဆုံး Macintosh Computer တီထွင်တဲ့အခါကျတော့
ဒီဟာတွေပြန်ပြီး အသုံးဝင်လာပါတယ်။ ဒါတီထွင်မှုကို Mac လို့ design
ပြုပါတယ်။ ဒါဟာ ပထမဆုံး အကောင်းဆုံး typography Computer ဖြစ်လာပါတယ်။
တကယ်လို့ ကျွှန်တော်ဟာ ကျောင်းမထွက်ပဲ ဒီ ဘာသာရပ်ကို မလေ့လာခဲ့ဘူးဆိုရင်
အခုချန်မှာ သုံးနေတဲ့ Mac typefaces, စာလုံးနိုင်းယှဉ်တာတွေ၊
စလုံးပိုပြီးလှတာတွေလည်း ရှိသေးမှာမဟုတ်ဘူးလို့ထင်တယ်။ Windows က Mac ကို
ကောပီ (copy) တာဖြစ်နေတော့ personal computer
မှာဒါတွေတော့ရှိမှာမဟုတ်ပါဘူး။ ဆိုထားတဲ့အတိုင်းပဲ ကျွှန်တော်
ကောလိပ်ဆက်တက်ပြီး ဒီဘာသာရပ်ကိုမယူခဲ့ဘူးဆိုရင် ဒီလိုထူးဆန်းပြီး
အန့်အော်စရာကောင်းလောက်တဲ့ typography လည်း Mac မှာရှိသေးမှာ မဟုတ်ပါဘူး။
ဟုတ်ပါတယ် ကောလိပ်မှာနေတဲ့အချိန်ပြန်စဉ်း စားကြည့်လိုက်ရင် ဒီလို အစက် (dots) ကလေးတွေဆက်စပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဆယ်နှစ်အတွင်းပြန်ကြည့်တဲ့အခါ ကျတော့
ဒီဟာလုံးဝဖြစ်နိုင်ပါတယ်ပေါ့။ အဲဒါကြောင့်လည်း ဒီနေ့မှာ Mac ဆိုတဲ့
Computer ကိုသုံးလို့ရတာပါ။ နောက်တစ်ခါ ကျွှန်တော်ဒါကိုပြောချင်ပါတယ်။
အရှေ့ကိုကြည့်ပြီး ဒီ အစက်လေးတွေ ဆက်နွယ်လို့မရပါဘူး၊
နင့်အနောက်ကိုကြည့်မှတာ ဆက်နွယ်လို့ရမှာဖြစ်တယ်။ ( ဆိုလိုတာကတော့
အတိတ်ကိုပြန်ကြည့်ပြီး မှားခဲ့တာတွေအတွက်ထိုင်မနေပဲ
အကောင်းဆုံးသင်ခန်းစာအဖြစ် ယူသွားပြီး ထပ်မမှားအောင် ကြိုးစားဖို့ပါပဲ)
အဲဒီတော့ ဒီ dots တွေဟာ နင့်အနာဂတ်မှာ တစ်နည်းအားဖြင့်
ဆက်စပ်လို့ရမယ်ဆိုတာယုံလိုက်ပါ ။ နင့်ကိုနင်၊ ကံကြမ္မာ၊ ဘဝ၊ ဝဋ်လည် (
Karma) တာအစသဖြင့်ပေါ့ တစ်ခုခုတော့ယုံကြည်ပါ။ ဒီဟာတွေကမကျဆုံးစေတာမက၊
ကျွှန်တော့်ဘဝမှာ ပြောင်းလဲမှုအများကြီး ဖြစ်စေပါတယ်။
နောက် ၁၇နှစ်ကြာမှာ ကျွှန်တော်ကောလိပ်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွှန်တော် ဘုမသိဘမသိပဲ Stanford college လို ဈေးကြီးတဲ့ ကောလိပ်တစ်ခုကို ရွေးမိပါတယ်။ အဲဒီမှာ ကျွှန်တော့်မိဘစုထားတဲ့ငွေတွေအား
ဒုတိယမှာကြတော့ ဆုံးရှုံးခြင်းနဲ့ ချစ်ခြင်းပါ
ကျွှန်တော့်ဘဝမှာ ကျွှန်တော်ကြိုက်တာကိုလုပ်ရတဲ့ အတွက်
ကျွှန်တော် ကံကောင်းတယ်လို့ဆိုရတာပေါ့။ ကျွှန်တော် အသက် နှစ်ဆယ်ပြည့်တော့
Woz နှင့် ကျွှန်တော့ အမေနဲ့အဖေ ရဲ့ ကား ဂူဒေါင်ထဲမှာ Apple ကို
စတင်ခဲ့ပါတယ်။ အလုပ်တော့သိပ်ကြိုးစားတာပေါ့။ နောက်ဆယ်နှစ်အကြာမှာ
ကျွှန်တော်တို့နှစ်ယောက်တည်းနဲ့ အဲဒီကား ဂူဒေါင်ထဲမှာပဲ အလုပ်သမား
လေးထောင်ကျော်လောက် နှင့် $2 billion တန်တဲ့ Apple companyကို
ဖွင့်နိုင်ခဲ့ပါတယ်။ ကျွှန်တော် အသက် သုံးဆယ်မပြည့်ခင် တစ်နှစ်အစောမှာ
ကျွှန်တော်တို့ တီထွင်တဲ့ အကောင်းဆုံး Macintosh ကို
ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒါပြီးမှ ကျွှန်တော် အလုပ်ထုပ်ခံပါတယ်။
စဉ်းစားကြည့်ပါလား နင်စတင်တည်ထောင်တဲ့ company ကနေ အလုပ်ဖြုတ်ခံတယ်ဆိုတာ
ဘယ်လိုဖြစ်တာလဲပေါ့။ ကောင်းပြီလေး။ Apple ပိုပြီးတိုးတက်လာတာနဲ့အမျှ
ဝါသနာလည်းပိုကြီးလာပါတယ်၊ ယုံကြည်တင့်တယ်လို့လည်းထင်တဲ့ လူတစ်ယောက်ကို
လက်တွဲဖော်အဖြစ်ငြား (hiring) မိတာပေါ့။ ပထမနှစ်တော့ မဆိုးပါဘူး
ကောင်းခဲ့ပါတယ်။ ဒါပေမယ့်ကြာလာတော့ အမြင်ချင်းတဖည်းဖည်းနဲ့
ကွာလာတာတွေ့ရတယ်။ အဲဒီလိုဖြစ်နေတဲ့ကြားက ကျွှန်တော်တို့ရဲ့ Board of
Directors တွေကသူ့ဘက်မှာပါတော့ ကျွှန်တော်အလုပ်ထွက်ပါတယ်။
ဒါဟာထင်ထင်ရှားရှားဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျွှန်တော့်ဘဝမှာ
ရည်ရွယ်ထားသမျအားလုံးက ပျောက်သွားပြီး၊ လူအများသိတဲ့ကျဆုံးခြင်းတစ်ခုပါ ။ နောက်လအနည်းငယ်အတွင်း ဘာကိုလုပ်လို့လုပ်ရမှန်းတောင် မသိဖြစ်နေခဲ့ပါတယ်။
နောင်လာမယ့် မျိုးဆက်သစ်များရဲ့ ဘဝတက်လမ်းကို မဖောက်ပေးနိုင်ဘဲ၊
အမှောင်ထဲမှာလမ်းပြတဲ့မီးကို ငြိမ်းသွားစေသလိုပဲ ခံစားမိပါတယ်။ David
Packard နှင့် Bob Noyce တို့ကိုတွေ့ပြီး ပြောမှား
ဆိုမှားခဲ့သမျအားလုံးအတွက် တောင်းပန်ဖို့ ကြိုစားခဲ့ပါတယ်။ ကျွှန်တော်ဟာ
အရမ်းရှုံးနိမ့်သွားတဲ့လူပါလို့ ခံစားတယ်၊ ပြီးရင် ဒီမြို့ထဲကနေ
ထွက်သွားဖို့တောင် စဉ်းစားဖူးပါတယ်။ ဒါပေမယ့် တစ်စုံတစ်ရာက ကျွှန်တော့်ကို
အနိုင်ယူပြီး ကျွှန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ချစ်တတ်လာပါတယ်။
ဒီလိုရုပ်တရက် အဖြစ်အပျက်ကြောင့်ဘာမှ ပြောင်းလဲမှုမရှိနိုင်ဘူး ဆိုပြီး
ငြင်းဆိုပေမယ့် ဒီအလုပ်ကိုတော့် စိတ်မကုန်တတ်ပါဘူး။ အဲဒီတော့
ကျွှန်တော်နောက်တစ်ခါ ပြန်လည်စတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီ Apple
ကနေအလုပ်ထုပ်ခံရတာ အကောင်းတစ်ခုအဖြစ်ကျွှန်တော်မြ မင်ခဲ့ပေမယ့်
ကျွှန်တော်ဘဝအတွက် အကောင်းဆုံးဖြစ်ရပ်လေးတစ်ခု ဖြစ်လာပါတယ်။
အောင်မြင်ခြင်းရဲ့လမ်းစဟာ လဆန်းတစ်ရက်လိုပဲ စတင်လာပါတော့တယ်။
ဒီအရာကကျွှန်တော့်ဘဝရဲ့ အကောင်းဆုံးဖန်တီးမှု ခေတ်ကာလရဲ့ လမ်းစဉ်ကို
ဖောက်ပေးလိုက်တာပါပဲ။ နောက်ငါးနှစ်အတွင်းမှာ NeXT နှင့် Pixar company
ကို တည်ထောင်လိုက်ပါတယ်။ စိတ်ကူးယှဉ်ဆန်တဲ့
အမျိုးသမီးတစ်ဦးနဲ့ချစ်ကြိုက် ကြပြီး သူဟာ ကျွှန်တော့် ဇနီး Laurence
ပါ။ Pixar Companyကနေ ကမ္ဘာ့ ပထမဦးဆုံး စက်ရုပ် ဗီဒယိုကား ဖြစ်တဲ့ "Toy
Story” ကိုရိုက်ကူးခဲ့ပါတယ်။ ဒါဟာလည်း ကမ္ဘာပေါ်မှာ အောင်မြင်ဆုံး
စက်ရုပ်ကားတစ်ခုလည်းဖြစ်ပါတယ်။ NeXT ကို Apple က ဝယ်လာပြီးနောက်
ကျွှန်တော်က Apple မှာ အလုပ်လုပ်ပြီး ဒီ NeXT ကနေ မမေ့နိုင်တဲ့
စက်မှုပညာထုပ်လုပ်ချက်တစ်ရပ်ြ ဖစ်ပြီး ကမ္ဘာကြီးကိုပြောင်းလဲစေတဲ့
Apples တွေထဲက တစ်ခုဖြစ်တဲ့ Job Apple ဖြစ်ပါတယ်။ ကျွှန်တော် နှင့်
Laurence ကတော့ ပျော်ရွင်တဲ့ မိသားစုတစ်ခုဖြစ်လာပါတယ်။ Apple ကနေ
အလုပ်ထုပ်မခံခဲ့ဘူးဆိုရင်တော့ ဒီအရာတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး လို့
သေချာစွာပြောလို့ရပါတယ်။ ဒီဟာကတော့ အရမ်းခါးတဲ့ ဆေးတစ်ခုပါ ဒါပေမယ့်
လူနာတွေကလိုအပ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဘဝဆိုတာ ခေါင်းပေါ်ကနေ အုတ်ခဲနဲ့
ထုနက်ခံရသလိုပါ။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ ကျွှန်တော်ဒီလို
အောင်မြင်ရတဲ့ကြောင်းကတော့ ကျွှန်တော် လုပ်တဲ့ အလုပ်ကို ချစ်ခဲ့လို့ပါ။
မင်းကဘာချစ်သလဲ။ ဘာလုပ်ရင်ပျော်သလဲဆိုတာ မင်းရှာရမှာဖြစ်တယ်။
ဒါဆိုရင်မင်းအလုပ်ကမင်းအချစ်ြ ဖစ်လာပြီး မင်းဘဝမှာ အများကြီးအောင်မြင်မှုရလာမြှာ ဖစ်တယ်။
ဘဝမှာကျေနပ်မှုရဖို့ဆိုတာ မင်းယုံကြည်တဲ့ အလုပ်တစ်ခုလုပ်ခြင်း
ဖြစ်ပါတယ်။ ကြီးမားတဲ့အလုပ်လုပ်ဖို့ဆိုတာ မင်းလုပ်တဲ့ အလုပ်ကို
ချစ်တတ်ခြင်းပဲ ဖြစ်ပါတယ်။ မင်းရှာလို့ မတွေ့သေးဘူးဆိုရင်ထပ်ရှာလိုက်ပါ ဦး။
နေရာမချနဲ့ဦး။ နှလုံးသားက သိရှိထားတဲ့အတိုင်း မင်းရှာလို့ တွေ့လာရင်
သိသွားမှာပါ။ အချစ်အတိုင်းပါပဲ ရက်၊ လ၊ နှစ်တွေကြာလာတာနဲ့အမျ
တဖည်းဖည်းနဲ့ ကောင်းလာမှာပါ။ အဲဒီတော့ နေရာမချနဲ့ဦး၊ ထပ်၍ရှာပါဦး
မနက်ဖြန်သို့။
တတိယကတော့ သေတဲ့အကြောင်းပါ
ကျွှန်တော်
တစ်ဆယ့်ခုနှစ်နှစ် (၁၇) အရွယ်မှာ ဖတ်ဖူးတဲ့ ဆောင်ပုဒ်က "ဒီနေ့ဟာ မင်းရဲ့
နောက်ဆုံးနေ့လို သဘောထား အသက်ရှင်သွားရင် တစ်နေ့တော့ မင်းဟာ
မှန်သွားမှာပါတဲ့။" ဒီဆောင်ပုဒ်ကကျွှန်တော့်ကို အားရစေပါတယ်။
ကျွှန်တော်အသက် ၃၃ ကျော်လာတဲ့အချိန်ကစပြီး နံနက်တိုင်း မှန်ရှေ့မှာ
ရပ်ရင်း ကျွှန်တော့်ကိုကျွှန်တော်မေးတာက "ဒီနေ့ဟာငါ့ရဲ့
နောက်ဆုံးနေ့ဖြစ်ခဲ့ရင် ဒီနေ့ငါလုပ်မယ့် အလုပ်ကို ငါလုပ်ချင်ပါ့မလား"
အဖြေပေါ်လာတဲ့အခါတိုင်းမှာ NO ပဲ နေ့ရက်များစွာဖြစ်လာတော့
ကျွှန်တော်တစ်ခုခုတော့ ပြောင်းဖို့လိုအပ်တယ်လို့ သိလာပါတယ်။ ကျွှန်တော့ဘဝမှာ
အခက်အခဲမျိုးစုံကို ဖြတ်ကျော်နိုင်စေခဲ့တဲ့ အကောင်းဆုံး လက်နက်ကတော့
ငါ့ရဲ့နောက်ဆုံးနေ့ရက်ကနီးလြာ ပီဆိုတဲ့ အသိလေးပါပဲ။ ဘာ့ကြောင်းလဲဆိုတော့ ဘဝမှာမကောင်းတာတစ်ခုခုဖြစ်လာ မယ်ဆိုတဲ့
ကြောက်ရွင့်ခြင်းတွေ၊ မာန်မာနတွေ၊ ရှက်ကြောက်မှုတွေကအစ သေမင်းရဲ့
ရှေ့အောက်မှာပဲ ရှုံးနိမ့်သွားပြီး အမှန်တရားကအနိုင်ယူရှင်သန်နေလို့ပါပဲ။
တစ်စုံတစ်ရာ ရှုံးမှာကို ကြောက်တဲ့စိတ် ဖယ်ရှားနိုင်ဖို့
အကောင်းဆုံးနည်းလမ်းကတော့ ငါသေတော့မယ်ဆိုတဲ့ စိတ်လေးမွေးထားဖို့ပါပဲ။
ဘာတစ်ခုမှ စွဲလမ်း မက်မောမှုမရှိတော့ဘူးဆိုရင်
နှလုံးသားစေရာကိုလိုက်ဖို့ကလြွဲ ပီး ကျန်တာမရှိတော့ပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွှန်တော်ဟာကင်ဆာ ( Cancer) ရောဂါ ခံစားနေရသူတစ်ဦးပါ။ နံနက် 7:30 မှာ စကင်နာ (Scan) ရိုက်လိုက်တော့ ဒေါက်တာက ဒီဟာ ကုသလို့မရတဲ့ ကင်ဆာတစ်မျိုးဖြစ်တယ်လို့ပြောလိုက်တော့
ကျွှန်တော်ဟာ နောက်ထပ် သုံးလကနေခြောက်လတောင် အသက်မရှင်ရတော့မယ့်
အခြေအနေဖြစ်လာပါတယ်။ ကျွှန်တော့ ဒေါက်တာက အိမ်ပြန်ပြီး ပြင်ဆင်ဖို့
ပြောလိုက်ပါတယ်။ ဒါဟာဒေါက်တာတွေရဲ့ code တစ်ခုပါ။ မိသားစုတွေ goodbye
ပြောဖို့ပါပဲ။ သေရတော့မှာပေါ့ကွယ်။ကျွှန်တော်ဟာ ဒီရောဂါနဲ့ပဲ
နေ့တိုင်းရင်ဆိုင်နေရပါတယ်။ နောက်ဆုံးစစ်စီးတဲ့နေ့မှာတော့ Biopsy
လို့ခေါ်တဲ့ tumor ကနေ cell တစ်ချို့တွေ ဖြုတ်ထုပ်လိုက်ပါတယ်။ ( cell
တွေတိုးဖွားပြီး cell division မရှိတာကို ကင်ဆာလို့ခေါ်တာပါ) ကျွှန်တောဟာ
သတိမေ့နေတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွှန်တော့အနားမှာ ရှိတဲ့
ဇနီးကပြောတော့ ဒေါက်က cells တွေကို microscope နဲ့ ကြည့်လိုက်တော့
ငိုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Pancreatic Cancer ဟာ ခွဲစိတ်ပြီး
ကုသလို့ရမယ်မှန်သိလို့ပါတဲ့။ အခုဆို ခွဲစိတ်ခဲ့တော့
ကျွှန်တော်ကျန်းမာပါပြီ။
သေချင်တဲ့လူတစ်ယောက်မှတော့ မရှိပါဘူး။
ကောင်းကင်နိုင်ငံ သွားချင်တဲ့လူတွေတောင်မှ မသေချင်ကြပါဘူး။ ဒါပေမယ့်
သေမင်းကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ ဒါဟာ လူသားတွေရဲ့
နောက်ဆုံးပန်းတိုင်ပါ။ သေခြင်းကတော့ လူ့ဘဝမှာ လွန်ဆန်လို့မရဘဲ
ဆန်းပြားတဲ့ ဖြစ်ရပ်တစ်ခုပါ။ သေမင်းကတော့ အိုမင်းခြင်းကနေ
ငယ်ရွယ်ခြင်းဘဝသို့ ပြောင်းလဲပေးတဲ့ ပုဂ္ဂိုလ်ပါ။ ဒီနေ့မှာ
မင်းဟာငယ်ရွယ်ပေမယ့် တဖည်းဖည်းနဲ့ အသက်တွေကြီးလာပြီး တစ်နေ့တော့ သေရမှာ
အမှန်ပါ။ ဒီလိုထိပ်လန့်စေတဲ့အတွက် ဝမ်းနည်းပါတယ်။ ဒါပေမယ့်
ဒါဟာအမှန်တရားပါ။ အသက်ရှင်ရတဲ့ အချိန်က သိပ်တိုတော့ အချိန်ကို အလကား
မဖြိုးပါနဲ့။ တခြားလူတွေရဲ့ ထင်မြင်မှုအောက်မှာ အသက်မရှင်ပါနဲ့။
မင်းခြေထောက်ပေါ် မင်းရပ်တည်ပါ။ ပတ်ဝန်းကျင်ရဲ့ တွေးထိုးမှုအောက်မှာ
အသက်မရှင်ပါနဲ့။ ပတ်ဝန်းကျင်ရဲ့ အကြံ ( advice) ကို အခြေခံပြီး
အသက်မရှင်ပါနဲ့။ ဒီအကြံတွေရဲ့ နောက်ဆက်တွဲ အခန်းတွေဟာ
သူတို့ပါဝင်ရင်ဆိုင်ပေးလို့ရမှာ မဟုတ်ပါဘူး။