လူတွေသုံးတဲ့ဘာသာစကားတွေဟာ ဘယ်ကစလို့ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ သိကျစွာပြောပြဖို့မလွယ်ပါဘူး။ လူမျိုးဘာသာစကားအများကြီးထဲမှ အင်္ဂလိပ်စကား ဖြစ်ပေါ်လာပုံ အနည်းငယ်ဆွေးနွေးကြည့်ရအောင်။
Anglo-Saxon ဗြိတိန်မလာခင်ကတည်းက အင်္ဂလိပ်စကားဟာ ဥရောပမြောက်ပိုင်းလူတွေကစကားအဖြစ်ပြောကျခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ဒီစကားဟာ အင်္ဂလိပ်စကားဆိုပြီး သတ်မှတ်ခြင်းတော့မရှိသေးပါဘူး။ ဒီအချိန်ကာလဟာ ရည်လျှားတဲ့ကာလတော့မဟုတ်ပါဘူး။ ငါးရာစု၊ ခြောက်ရာစုအတွင်းမှာ ဂျာမဏီ နယ်ချဲ့တွေဟာ အနောက်မြောက်ဘက်ကနေ ဗြိတိန်နိုင်ငံကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ သူတို့ကတော့ဗြိတိသျှတွေနဲ့မတူတဲ့စကားတစ်မျိုးပြောကြပါတယ်။ အဲဒီစကားဟာ ဂေါ်သစ်(က်) ( Gothic) စကားလို့သိရတဲ့ Dutch, Frisian, German, and the Scandinavian စကားတွေဖြစ်ပါတယ်။ ဘာ့ကြောင်း သူတို့စကားဟာ တိုက်တစ်တိုက်ထဲမှာနေပြီး အခြားအိမ်နီးနားချင်းနိုင်ငံတွေနဲ့ ကွာခြားသလဲဆိုတာတော့ ဘယ်သူမှမသိပါဘူး။ ဒါပေမယ့် အဲဒီနယ်ချဲ့လူတစ်ချို့တွေက ဥရောပမြောက်ပိုင်းလူတွေရဲ့စကားလည်းပြောပါတယ်။ အကုန်လုံးတော့မတူပါဘူး။ တစ်ချို့တွေကျတော့လဲ လုံးဝမပြောတတ်ပါဘူး။
အခုချိန်မှာ သူတို့တတွေရဲ့စကားနီးစပ်ပုံ၊ ဆက်စပ်ပုံ၊ ခြားနားပုံတွေ အချိန်ကာလ အနည်းငယ်တာသိရတာဟာ အဲဒီခေတ်တုန်းက Germanic စကားနဲ့ ရာစုအနည်းငယ်အတွင်း ရေးသားပြုစုခြင်း မရှိခဲ့သောကြောင့်ဖြစ်ပါတယ်။ Old English အက္ခရာရေးသားခြင်းဟာ ၇၊ ၈၊ ၉ ရာစုမှာ ပေါ်ပေါက်လာတဲ့အချိန်ကျတော့ စကားပြောပုံပြောနည်း အနည်းငယ်ခြားနားတာကိုသိရပါတယ်။ ( ရန်ကုန်စကား နဲ့ အညာစကားမတူသလိုပေါ့ ) အဲဒီစကားဟာ Alfred the Great လို့ခေါ်ပြီး 9th ရာစုမှာ English လို့သတ်မှတ်တဲ့စကားဖြစ်ပါတယ်။
Anglo-Sexon ဗြိတိန်မလာခင်ကတည်းက စလ်(တ်) The Celt လူမျိုးတွေကဗြိတိန်မှာ အခြေချနေထိုင်ခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် Celt ဘာသာစကားဟာ ဒီနေ့အင်္ဂလိပ်စကားမှာ အနည်းငယ်တာပါပါတယ်။ တစ်ချို့စာရှင်ကျောင်းသားတွေကတော့ စလ်(တ်) Celtic ဘာသာစကားဟာ အင်္ဂလိပ်သဒ္ဒါစာအတွက် အခြေခံတဲ့စကားဖြစ်တယ် လို့လည်းပြောပါတယ်။ ဒါပေမယ့် ဒီဟာ သူတို့ရဲ့အထင် ( speculative) ပဲဖြစ်ပြီး အထောက်အထားတော့ သိကျစွာမပြနိုင်ပါဘူး။
No comments:
Post a Comment